မင်္ဂလာပါ။ Attraction Site In World မှကြိုဆိုပါတယ်။ မြန်မာနိုင်ငံနှင့်ကမ္ဘာတလွှားက ထင်ရှားကျော်ကြားတဲ့နေရာတွေကို တင်ပြပေးသွားမှာဖြစ်လို့ လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။ လူကြီးမင်းတို့ အနေနဲ့ နေရာဒေသ၊ လူမျိုး၊ ဘာသာယျဉ်ကျေးမှုတွေကို တင်ပြလိုပါက newrhyme09@gmail.com သို့ ပို့ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ Ko Moe (Founder at Attraction Sites In World)

Sunday, January 24, 2016

ထားဝယ်ရှင်ကိုးရှင်မှ ရှင်ဥသြဘုရားသမိုင်းအကျဉ်း

ထားဝယ်ရှင်ကိုးရှင်မှ ရှင်ဥသြဘုရားသမိုင်းအကျဉ်း



ရှင်ဥသြစေတီသည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ရှိ ရွှေကျောင်းကြီးဝင်း အတွင်းတွင် တည်ရှိသည်။ ဘုရားဒကာမှာ မင်းရှင်ဇော် ခေါ် ရွှေတောင်းစားမင်း ဖြစ်၏။ သက္ကရာဇ် ၁၁၂၂ခုတွင် ယခု ရွှေကျောင်းကြီးနေရာတွင် နန်းတော်တည်ဆောက်စေပြီး နန်းဦးဘုရားကိုပါ တပြိုင်တည်း တည်လေသည်။

သက္ကရာဇ် ၁၁၂၆ခုတွင် ဆင်ဖြူရှင်မင်းသည် ယိုးဒယားကို ချီတက်ရာတွင် ဗိုလ်မှူးနော်ရထာသည် လမ်းကြောင်းရှိ ထားဝယ်၊ မြိတ် နှင့် တခြားသော တနင်္သာရီဒေသရှိ နယ်ပယ်များကိုပါ သိမ်းတော်မူသည်။ ဗိုလ်မှူးနော်ရထာ ထားဝယ်မြို့သို့ ရောက်ရှိချိန်သည် မင်းရှင်ဇော် တည်သော နန်းဦးစေတီမှာ ဖောင်းရစ်မျှတာ ပြီးစီးသေးသည်။ မင်းရှင်ဇော်မှာ နန်းတော်နှင့်တကွ စေတီကိုပါ ဗိုလ်မှူးနော်ရထာကို အပ်ရလေသည်။

ဗိုလ်မှူးနော်ရထာသည် ဆင်ဖြူရှင်မင်း၏ အမိန့်အရ စေတီကို မင်းရှင်ဇော်သာ ပြီးသည်အထိတည်စေပြီး ထီးတော်တင်စေသည်။ နန်းကျဘုရင်ဖြစ်သဖြင့် နန်းတော်တွင် နေခွင့်မရှိတော့ပေ။ ထို့ကြောင့် နန်းတော်ဟောင်းကို လှူဒါန်းပြီး ရွှေကျောင်းကြီးကျောင်းတော်ဟု အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။ စာရေးသူ ရောက်ရှိခဲ့သော ရွှေကျောင်းကြီးမှာ အမှန်တော့ တချိန်က ဘုရင့်နန်းတော်ဖြစ်ခဲ့ပြီး ကျောင်းဝင်းထဲရှိ ရှင်ဥသြဘုရားမှာ နန်းဦးဘုရားစေတီ ဖြစ်ပါသည်။

Ref: ထားဝယ်ရာဇဝင်သမိုင်း (စာရေးဆရာကြီးရွှေဝယ်ဧ)
Photos by: Chan Myae Ei






0 comments:

Post a Comment